ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မောင်တော    ဇွန် ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းကို  ယနေ့ နံနက် ၇ နာရီအချိန်က  မြို့မအရှေ့ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်း (လွန်)ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးစီး၍  ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက်   မြို့မ အရှေ့ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်းဝင်းအတွင်းရှိ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ် များ အား ခုတ်ထွင်ရှင်းလင်း၍ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး