ကျိုက်ဒုံ ဇွန် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇွန်မိုးလွင်နှင့် အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် (၁၀)နာရီခွဲက ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၂)စစ်ကွပ်ကဲရေး၊ အမှတ်(၂) နည်းဗျူဟာ၊ ဒေါနအနောက်ခြမ်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (D.K.B.A)မှ တပ်ဖွဲ့ဝင်မိသားစု ကျား(၁၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၁၄)ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံ