သဲကုန်းမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

 

သဲကုန်း  ဇွန်  

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းတွင် ယမန်နေ့ညနေ နာရီ အချိန်က နွေရာသီ အခြေခံ အားကစား သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသူ/သားများက အေရိုးဗစ် အကနှင့်မြန်မာ့သိုင်းအကများဖြင့် သရုပ်ဖော်ပြသခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်း နည်းပြ များအား ဂုဏ်ပြု လက်ဆောင်များ ဆက်လက် ချီးမြှင့်ခဲ့ပြီးနောက် သဲကုန်းမြို့နယ် အားကစားနှင့် ကာယ ပညာ ဦးစီးဌာနနည်းစနစ်မှူးဒေါ်သပြေမှ ဌာနဆိုင်ရာ များအား အားကစားပစ္စည်းများ ပေးအပ် လှူဒါန်း ခဲ့သည်။

အဆိုပါသင်တန်းတွင် အားကစားနည်း()မျိုးအား ၁၄ ရက်ကြာသင်ကြားပေးခဲ့ပြီး သင်တန်းသူ/သား ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)