နမ္မတူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

နမ္မတူ   ဇွန်  

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ  နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၇)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌  ဆောင်ရွက်ခဲ့သည်။

ထို့သို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမင်းထွန်း၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စာရေးများနှင့် တာဝန်ရှိသူများက အဖွဲ့ခွဲ ပြီး နမ္မတူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နေထိုင်ရာနေအိမ် အထိ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။  

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ  တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (ဇန်နဝါရီလမှ မတ်လအထိ) ()လအတွက် တစ်ဦးလျှင်ကျပ် (၃၀၀၀၀)နှုန်းဖြင့် နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၃၇)ဦးအတွက်  ငွေကျပ် (၄၁၁၀၀၀၀) ကျပ်အား အိမ်တိုင် ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

(မြို့နယ်ပြန်/ဆက်)