မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

 

မိုင်းပန်              ဇွန်   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ်ထိုးနှံခဲ့သည့် နိုင်ငံ့ဝန်ထမ်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း များထဲမှ (၃ဝ) ဦးအား  ဇွန်လ (၂) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်စိုးစိုးမြတ်မှ ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံ ပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်တို့မှ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းပန် (ပြန်/ဆက်)