ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း ကွင်းဆင်းသရုပ်ပြသ
Jan 25,2021
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပရိုတိန်းဓာတ်ပြည့်ဝသည့် ကောက်ရိုးမှို စိုက်ပျိုးစားသုံး ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းဝေးစေရန်နှင့် ပိုလျှံသည့်မှိုများကို ပြန်လည် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိလာစေရန်ရည်ရွယ်ပြီး ကောက်ရိုးမှိုစိုက်ပျိုးနည်း ကွင်းဆင်းသရုပ်ပြသပွဲကို ယမန်နေ့ နံနက်၉နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။