သတင်းများ

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင် ကျေးရွာတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်​ဆေးဆောင်ရွက်
Jan 25,2021
တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မီးဘေးလုံခြုံမှုရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး
Jan 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအား ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jan 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်ဖွဲ့စည်း ခဲ့သော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးဆောင်၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ”စာအုပ်အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ များ သွားရောက်ပေးအပ်
Jan 24,2021
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ ယမန်နေ့က စတင်ပြီး အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး လှုပ်ရှားမှု ဆောင်ရွက်
Jan 24,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask) တပ်ဆင်သွားလာရေးလှုပ်ရှားမှုကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့ မြို့မဈေးအနီးနှင့် ဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
ရှားတောမြို့နယ် သမဝါယမအသင်းစုများ၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်
Jan 24,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများဖြစ်သော ရတနာရွှေမြေ (ဒေါဆိုဆစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း) သမဝါယမအသင်း လီမိတက်နှင့် အစိုးရဝန်ထမ်းပေါင်းစုံ၊ ငွေစင်ကြယ်၊ ဈေးပိုင်းရပ်ကွက်နှင့် အောင်ချမ်းသာ ရပ်ကွက် ငွေစုငွေချေးလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှားတောမြို့နယ် စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ထန်းတပင်၌ အွန်လိုင်းမှသင်ကြားနည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်
Jan 24,2021
မျိုးဆက်သစ် ကလေးငယ်များ ဗုဒ္ဓဓမ္မပညာကို ဆက်လက်သင်ယူခွင့်မဆုံးရှုံးစေရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော် များကို မိမိတို့၏အိမ်ကပင် လေ့လာသင်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် အွန်လိုင်းမှသင်ကြား နည်းစနစ်ဖြင့် မြသိန်းတန်ဓမ္မစကူးလ် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ နေကြောင်း မြသိန်းတန်ဓမ္မစကူးလ်ကော်မတီမှသိရသည်။