ရွာသစ် ဇန်နဝါရီ ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်နှင့်အညီ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက် သော ရောဂါမဖြစ်ပွားစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွေးရူးရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးစိုးပိုင်က လူနေထူထပ်သည့် မြို့ပေါ်ရပ်ကွက်မှ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး များ အခမဲ့ထိုးနှံပေးခြင်း၊ အိမ်မွေးခွေးများ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် မွေးမြူသော အလေ့အကျင့် ကောင်းရရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)