လဲချား ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်များအား စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက်တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်း ပြုလုပ်ခဲ့သည်။
အဆိုပါ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ မြို့နယ်ဌာန ဆိုင်ရာအဖွဲ့ဝင်များက ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းဆင်း စိစစ်ရွေးချယ်လျက် ရှိသည်။
ထိုသို့အုပ်ချုပ်ရေးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဒုတိယမြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့လှိုင်နှင့် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့ဝင်များမှ အမှတ်(၂) ရပ်ကွက်သို့ သွားရောက်၍ အိမ်ထောင်စု (၁၈၈)စုမှ ကိုယ်စားလှယ်များ တွေ့ဆုံကာ ကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် လိုသူများအား စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)