ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

ကွန်ဟိန်း    ဇန်နဝါရီ      ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအား ယနေ့ နံနက်(၉)နာရီ ခွဲအချိန်ခန့်က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်လင်းက  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာသော ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦး အား စနစ်တကျ ရွေးချယ်ခဲ့ကြသည်။

အဆိုပါ  ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)