ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး DMO အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း
Jan 25,2021
ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူး) ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နောင်ချိုမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)နှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး ခရီးစဉ်သစ်များနှင့်ပက်သက်၍ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။