သတင်းများ

ကျွန်းစုမြို့တွင် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၁၄၀၁)စုအတွက် ငွေကျပ်(၂၈၀)သိန်း (၂)သောင်း ပြန်လည်ထောက်ပံ့ပေးအပ်
Jan 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာတွင် ထောက်ပံ့ငွေ မရရှိခဲ့သော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ပြန်လည်ထောက်ပံ့ရန် ခွင့်ပြုခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု(၅)စုရှိ အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၁၄၀၁)စု အတွက် ငွေကျပ်(၂၈၀)သိန်း(၂)သောင်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထီးလင်းမြို့နယ် သရခါကျေးရွာအနီးရှိ ရပ်မဆည် ဆည်ခတ် ပြုပြင်ဆောင်ရွက်
Jan 25,2021
လယ်ယာမြေများ၌ နွေစပါးနှင့်အခြားသီးနှံများ အချိန်မီ ရေသွင်း စိုက်ပျိုးနိုင်စေရေး တို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ နယ် သရခါကျေးရွာအနီးရှိ ရပ်မဆည်ကို ယခုအခါ ဆည်ခတ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခေါဇာမြို့အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး‌ ရွေးချယ်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား အသိပညာပေး ရှင်းလင်း ဆွေးနွေး ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jan 25,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ခေါဇာမြို့အတွင်းရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အသစ်ပြန်လည်ရွေးချယ်နိုင်ရေး ဥပဒေ ၊နည်းဥပဒေ များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများကို ယနေ့နံနက်ပိုင်းက ခေါဇာမြို့၊ ကဗျာ ကျေးရွာအုပ်စု၊ ကဗျာဝကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ နောင်ခလုံး-ပညာပလီ-လော်ကော်-နတ်ကြီးကျေးရွာချင်းဆက် ကျောက်လမ်း ခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာ များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများအ‌ကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိရာ နောင်ခလုံး-ပညာပလီ-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက်ကျောက်လမ်းခင်းခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်မ​ရောမြို့နယ် ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာ​ပေးလက်ကမ်း စာ​စောင်နှင့် နှာ​ခေါင်းစည်း Mask များဖြန့်​ဝေ
Jan 25,2021
မော်လမြိုင်ခရိုင်၊ကျိုက်မ​ရောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်း​အောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုရဲအုပ်ပြည့် ဖြိုး​အောင်နှင့်တပ်ဖွဲ့ဝင်များက ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း​ရေးနှင့် ယာဉ်မ​တော်တစ်ဆမှုများ​ လျော့နည်းကျဆင်း​စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာ​ပေး လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ​ရောဂါ ထိန်းချုပ်​ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာ​ခေါင်းစည်း Mask များ မဖြစ်မ​နေတပ်ဆင် ကြ​စေရန်ပညာ​ပေး၍ နှာ​ခေါင်းစည်းဖြန့်​ဝေခြင်းကို ယ​နေ့နံနက် ၉နာရီက ကျိုက်မ​ရော မြို့အဝင် လမ်းရှိ​ ကော့တာဘုန်းကြီး​ကျောင်း​လမ်းဆုံ၌ ပြုလုပ်​ဆောင်ရွက်ခဲ့သည်။
ဟိုပုံးမြို့၌ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဥပဒေ/ နည်းဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူ များအား မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာ စေရန်အတွက် ပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျုံပျော်တွင် တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခွေးရူးရောဂါကာကွယ် ဆေးများ အခမဲ့ထိုးနှံ
Jan 25,2021
တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ဦးဆောင်ကာ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ဇန်နဝါရီလ စတုတ္ထပတ်တွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။