သတင်းများ

ပန်နန်းဒင်-တဟွန်းဒမ်း လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းဖောက်လုပ်
Jan 25,2021
နယ်စပ်ရေးရာဝန်ကြီးဌာနသည် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုး တိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်သည့် ခါကာဘိုရာဇီဒေသပန်နန်းဒင်မြို့အတွင်း နယ်မြေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် (ပန်နန်းဒင်-တဟွန်ဒမ်း) လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းကိုဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ ကျေးရွာများတွင် သွားလာရေး အဆင်ပြေစေရန် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 25,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာနှင့် အံကောင်ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း​ဆောင်ရွက်လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာလူထုလုပ်အား ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရပါသည်။
မြိုင်ကြီးငူအထူးဒေသ(၂) ချမ်းသာမြိုင်ကျေးရွာ ကွန်ကရစ်လမ်းဖွင်ပွဲအခမ်းအနား
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မြိုင်ကြီးငူအထူးဒေသ(၂)၊ ချမ်းသာမြိုင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ လမ်းဖွင့်ပွဲ အခမ်းအနားတွင် ‌ရွာဦးဘုန်းတော်ကြီးမှ လမ်းဖွင့်ပွဲတရားဟောကြားပြီး ချမ်းသာမြိုင်ကျေးရွာ ရပ်ကွက်မှူး ဦးညွန့်အောင်နှင့် ချမ်းသာမြိုင်ကျေးရွာ၊ လူထုဗဟိုပြုစီမံကိန်း အုပ်စုစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်နော်ဒါးမုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jan 25,2021
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၈၉)ရှိ မြတ်စောညီနောင် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့၌ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင် သစ်တည်ဆောက်
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ ADRA အဖွဲ့၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် အခြေခံစားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် တာလေမြို့တွင် ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယမန်နေ့က တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ဦးဆောင် သော အဖွဲ့များက တာလေမြို့၊ မိုင်းလင်း(အနောက်) ကျေးရွာအုပ်စု၊ ခမ်းရှဲန်ကျေးရွာသို့ သွားရောက်ပြီးတောင်တန်း သာသနာပြု ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေကျပ်(၇၅)သိန်းကို ပေးအပ်လှူဒါန်းခြင်းနှင့် အခြေခံစားသုံး ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ထန်းတပင်ကျေးရွာတွင် အလယ်တန်း စာသင်ကျောင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 25,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထန်းတပင်ကျေးရွာ အနီးပတ်ဝန်းကျင်ကျေးရွာ(၅)ရွာမှ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေနှင့် ကျေးရွာပြည်သူလူထု၏ ထည့်ဝင်ငွေဖြင့် ထန်းတပင် ကျေးရွာ အလယ်တန်းကျောင်း စာသင်ကျောင်းပြုပြင်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်နှင့် အကြီးတန်းလက်ထောက်နည်းပညာမှူး ဦးမျိုးဝေတို့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက် နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ် ကြောင်း သိရသည်။