မတ္တရာမြို့နယ် မဟာမြိုင်ကျေးရွာ၌ ကျေးရွာ(၆)ရွာပေါင်း၍ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
Jan 25,2021
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာလူထုထည့် ဝင်ငွေတို့ ဖြင့်ဆောင်ရွက်ခဲ့သော မတ္တရာမြို့နယ်မှ ဆည်တော်လေးကျေးရွာ၊ တံတားဖြူကျေးရွာ၊ အုတ်ဖို ကြီးကျေးရွာ၊ အုတ်ဖိုလေးကျေးရွာ၊ အုတ်ဖိုလေးရွာသစ်ကျေးရွာနှင့် မဟာမြိုင်ကျေးရွာတို့၏ စုပေါင်းလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မဟာမြိုင်ကျေးရွာ လျှပ်စစ် ထရန်စဖော်မာရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။