သတင်းများ

ထန်ပါခွေမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
တုံတာမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်းဆောင်ရွက်
Jan 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခန့်က ရပ်ကွက်(၁) ရှမ်းဘုန်းကြီး ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန် အမှတ်(၂)ရပ်ကွက် ဆေးရုံလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၊ ရတနာပုံ လမ်းတို့တွင် လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ လူစည်ကားရာ နေရာများသို့ သွားရောက်ကာ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းခွဲနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေး
Jan 25,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ အသက်(၁၈)နှစ်အထက် ဦးစားပေးအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူနိုင် ရေး ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်​နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Jan 25,2021
စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့် လုပ်ငန်းကို နေရာဒေသမရွေး တစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည် ။ နတ်မောက်မြို့တွင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့၌ တစ်နိုင်တစ်ပိုင်စပျစ်များ စိုက်ပျိုးလာကြပြီး ရရှိသည့်စပျစ်သီးများကို မြို့မဈေးသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။
​​​ဖား​ဆောင်းမြို့နယ်တွင် ခွေးရူး​ရောဂါ ကာကွယ်​ဆေးများ အခမဲ့ထိုးနှံ​ပေး
Jan 25,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ခွေးရူး​ရောဂါ ကာကွယ်​ဆေးထိုးခြင်းဖြင့် ပြည်သူများအတွက် အန္တရာယ်ကင်းရှင်း​စေရန်နှင့်​ ခွေးရူး​ရောဂါ ကင်းစင်ပ​ပျောက်​ရေး​ ရည်မှန်းချက်နှင့် အညီ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်​သော​ ရောဂါမဖြစ်ပွား​စေ​ရေးအတွက် မြို့နယ်​မွေးမြူရေးနှင့် ကုသ​ရေးဦးစီးဌာနမှ​ ခွေးရူး​ရောဂါကာကွယ်​ဆေး​များ အခမဲ့ ထိုးနှံ​ပေးခြင်းကို ယမန်​နေ့ နံနက်(၉)နာရီ အချိန်မှ ည​နေ(၄)နာရီအချိန်ထိ အဆိုပါဦးစီးဌာနရုံး၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Jan 25,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က သောက်သုံး ရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။