ဒေါပုံမြို့နယ်တွင် ပြည်သူ့အတွက် ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာများစိုက်ထူ
Oct 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ပြည်သူ့ အတွက် ပန်းခင်း စီမံချက် ဗီနိုင်းပိုစတာနှင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပိုစတာများ ကို ယမန်နေ့ မွန်းလွဲပိုင်းက ဒေါပုံမြို့နယ် လ.၀.က ဦးစီးမှူး ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်ကြသည့် မြို့နယ် လ.၀.က ရုံးရှေ့တွင် လည်းကောင်း၊ သင်္ဘောကျင်း လူကူးခုံးကျော်တံတား အောက်တစ် ဖက်တစ်ချက်စီတွင်လည်းကောင်း မြို့ သစ်ရပ်ကွက်ရှိ ဒေါပုံစျေးရှေ့တွင်လည်းကောင်း ပြည်သူများ သိရှိနိုင်ရန်အတွက် ဗီနိုင်းပိုစတာ များ စိုက်ထူခဲ့သည်။