အင်္ဂပူ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော၂၀၂၁ ခုနှစ် မိုးစပါး (RS - CS) မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်၉ နာရီခွဲကပြုလုပ်ခဲ့သည်။
အခမ်းအနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားနှင့် မျိုးစေ့ထုတ် တောင်သူ များအား ဓာတ်မြေသြဇာပေးအပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၄)စုရှိ တောင်သူ ( ၈၈ )ဦးတို့၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက စုစု ပေါင်း (၃၀၀ )ဧကအတွက် (၁)ဧကလျှင်ပုလဲဓာတ်မြေဩဇာ ( ၀.၅ )အိတ်နှုန်းဖြင့် စုစု ပေါင်းဓာတ်မြေဩဇာ (၁၅၀ ) အိတ်အားထောက်ပံ့ပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်စန်း၊ မြို့နယ်စိုက် တိုးမြှင့်အဖွဲ့များနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မန်းကျော်