ကျုံပျော်မြို့ ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

ကျုံပျော် အောက်တိုဘာ ၁

ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေးလျက်ရှိရာ ယမန်နေ့ကအောင်ဆန်းရပ်ကွက်၊ သုဇနကာရီ သီလရှင်စာသင်တိုက်၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကိုလည်း ကာကွယ်ဆေးများ သွားရောက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ဘိုးဘွားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ဘိုးဘွား (၂၅)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး အဘိုးအဘွားများကို အားပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိ ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း သိသာစွာ ကျဆင်းလျက်ရှိပြီး၊ ကာကွယ် ဆေးထိုးနှံမှုကိုလည်း မြို့နယ်အတွင်းရှိ မြို့မတိုက်နယ်အပါအဝင် အထောင်တိုက်နယ်၊ ရေစခန်းတိုက်နယ်၊အင်းရဲတိုက်နယ်၊ ဒိုက်ပျက် တိုက်နယ် စသည့်တိုက်နယ် (၅)ခုလုံးတွင် တစ်ပြိုင် နက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)