သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာ သူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၂၄၆၂ စုအား တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်နှုန်းဖြင့် WFP မှ လှူဒါန်းပေးဝေမည်
Oct 01,2021
အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီအား လိုက်လံထောက်ပံ့လှူဒါန်းပေးဝေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒလမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက်ရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်တွင် ဖျက်အားပြင်း ပိုးပွားကင်းထောက်ယူခြင်း ပိုးနမူနာကောက်ယူခြင်းနှင့် သဘာဝပိုးသတ်ဆေး ရွက်ဖျန်းမြေဩဇာ လက်တွေ့အသုံးချခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် ဖျက်အားပြင်း ပိုးပွားကင်းထောက်ယူခြင်း၊ ပိုးနမူနာ ကောက်ယူခြင်း နှင့် သဘာဝပိုးသတ်ဆေး ရွက်ဖျန်းမြေဩဇာ လက်တွေ့အသုံးချခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်တွင် ရွာရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၃၉ခ တောင်သူ ဦးတင်ကျော် ၏ မိုးစပါး ရွှေဘိုပေါ်ဆန်း စိုက်ခင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိသော KYAW SAN စက်သုံးဆီ အရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်း မှန်ကန်ရေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအို၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 01,2021
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှပူတာအိုမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာစက်တင်ဘာ(၃၀)ရက်ယမန်နေ့ကပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် (၈:၃၀) အချိန်မှစ၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့၌ ပန်းခင်းစီမံချက် သိမှတ်ဖွယ်ရာ စ‌တေကာ နှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Oct 01,2021
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်းစီမံချက်အရ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင် စုလူဦး ရေးစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်သည်။