ဝက်လက် အောက်တိုဘာ ၁
ဦး စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် တွင် ယနေ့ နံနက် ၈ နာရီ အချိန်က လိန်ပင်ကျေးရွာ ၊ တောင်သူ ဦးဉာဏ်ချို ၏ စပါးစိုက်ခင်းတွင် ၊မိုးစပါး တင်း ၁၀၀ ထွက်ရှိရေး ဥကပ်ပါး နဂျီလွှတ်၍ ပိုးမွှားကာကွယ် နှိမ်နှင်းခြင်း ကွင်းသရုပ်ပြပွဲ ကို ဆောင်ရွက်ကြကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ရွှေဘိုခရိုင် ၊ စိုက်ပျိုးရေးဦး စီးဌာနခရိုင် ဦးစီးမှူး ဦးတင်မောင်ဆွေက ဥကပ်ပါးနဂျီ လွှတ်ရခြင်း၏ အကျိုးကျေးဇူးများ၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က. ဥကပ်ပါးနဂျီ လွှတ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်လင်းပြီးနောက်၊ ရွှေဘိုခရိုင် ၊ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အမာချို က ဥကပ်ပါး နဂျီလွှတ်ပြီး အသုံးပြုခြင်း အကြောင်းအရာများကို တောင်သူများအား ရှင်လင်းပြောကြားရာတွင် ၊ ဥကပ်မှ ပေါက်လာသော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီသည် စပါးသီးနှံ နှင့် စားသုံးသီးနှံ တို့၏ အဓိက ဖျတ်ပိုးများဖြစ်သော ဆစ်ပိုး ၊ရွက်လိပ်ပိုး ၊ ရွက်လိပ်အိမ်ပိုး ၊ ငမြောင်တောင်ပိုးများ ၏ ဥများကို ကပ်ပါးပြု၍ ဇီဝနည်းစနစ်ဖြင့် နှိမ်နှင်းပေးကြောင်း ၊ အဆိုပါ နည်းစနစ်သည် ဘက်စုံ ကာကွယ် နှိမ်းနှင်နိုင်သည့် နည်းလမ်းများ၏ တစ်စိတ်တပိုင်း ဖြစ်ကြောင်း ၊စပါး စိုက်ခင်းများတွင် ထရိုင်ဂိုဂရားမား ဥကပ်ပါး နဂျီကို ပင်ပွားထွက်ချိန် နှင့် ဖုံးတုံးလုံးတုံးချိန်တွင် ၂ ကြိမ် ၊ပျိုးပင်တွင်လည်း ၁ ကြိမ် လွှတ်ပေးရကြောင်း ၊ ကွင်းထဲသို့ နဂျီးလွှတ်ချိန်သည် ဥကပ်မှ နဂျီ များပေါက်ချိန် နှင့် ချိန်ကိုက်ဖြစ်ရန် အလွန် အရေးကြီးကြောင်း ၊ နဂျီ ဥကပ် မှနဂျီများထွက်လုခါနီ အချိန်တွင် နဂျီဥကပ်များကို သီးနှံပင်ပေါ်တွင် ချိန်ထားရကြောင်း ၊ နဂျီဥကပ်များ သီနှံ ၊စိုက်ခင်ထဲသို့လွှတ်ရန် အချိန် နောက်ကျလျှင် ကွင်းထဲသို့ မရောက်ခင် နဂျီများ ပေါက်နိုင်ကြောင်း ၊ ဥကပ်နဂျီများ ပေါက်ရန် ခန့်မှန်းထားသော နေ့ထက် စော၍ ကွင်းထဲသို့ လွှတ်လျှင်လည်း ရာသီဥတု အခြေနေ နှင့် သားရဲကောင်များ ဖျတ်ဆီးမှုဖြင့် ဥကပ်များ ပျက်ဆီနိုင်ကြောင်း ၊ နဂျီ ဥကဒ် ၁ ကဒ်လျှင် နဂျီ ကောင်ပေါင်း ၁၀၀၀ ပါရှိကြောင်း ၊ သီးနှံ စိုက်ခင်း ၁ ဧက ကို တစ်ကြိမ် လွှတ်လျှင် နဂျီကဒ်ပေါင်း ၄၀ လွှတ်ရကြောင်း ၊ ဥကပ် တစ်ခု နှင့် တစ်ခု ၁၀ မီတာ အကွာ ထားရကြောင်း ၊ဥကပ်ပါးနဂျီ လွှတ်ထားသော စပါး နှင့် သီးနှံ စိုက်ခင်များကို ပိုးသတ်ဆေး လုံးဝ မဖျန်းသင့်ကြောင်း ၊ ဖျတ်ပိုး ပြင်းထန်စွာ ကျရောက်ပါက သက်ဆိုင်ရာ မြို့နယ် ၊ ခရိုင် ၊ တိုင်း အသီးသီးရှိ သီးနှံကာကွယ်ရေး ဌာနခွဲသို့ အကြံဥာဏ်ယူ၍ နှိမ်နှင်းမှု နည်းလမ်းများကို ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်သီးနှံ တာဝန်ခံ နှင့် ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦး စီးဌာန ဝန်ထမ်းများ က မိုးစပါး စိုက်ခင်း တစ်ဧကလျှင် ၄၀ ကဒ်နှုန်းဖြင့် ၊ ၅ ဧက အတွက် ကဒ် ၂၀၀ ကို ၊ဥကပ်ပါးနဂျီလွှတ်၍ ပိုးမွှား ကာကွယ်နှိမ်နင်းရေး သရုပ်ပြပွဲ ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲ အခမ်းအနားသို့ ဝက်လက်မြို့စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း ၊စိုက်ပျိုးရေးဦး စီးဌာန ခရိုင်ဦး စီးမှူး ဦး တင်မောင်ဆွေ၊ ရွှေဘိုခရိုင် သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်အမာချို ၊ ဝက်လက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်နှင့် ဝန်ထမ်းများ ၊ တောင်းသူများ တက်ရောက်ကြ ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)