ဟိုပန်မြို့၌ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်အား ဒေသခံ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး တို့အတွက် ယနေ့နံနက်(၉)နာရီအချိန်က ဟိုပန်မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယာယီပျံကျဈေး၊ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့လယ်တံတားတို့တွင် ဈေးသည်များနှင့် ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။