ကြံခင်းမြို့တွင် ၂၀၂၁-ခုနှစ်မိုးစပါး(RS to CS)မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်

ကြံခင်း အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်၂၀၂၁-ခုနှစ် မိုးစပါး(RS to CS)မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်မှအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှုးဦးစတိုင်းသာယာမှ မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကြောင်းသိရသည်။

ထိုနောက် မျိုးစေ့ထုတ်တောင်သူ(၄၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုးနှင့်ဝန်ထမ်းများ၊ မျိုးစေ့ထုတ်တောင်သူများတတ်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)