သတင်းများ

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလပတ်ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၁၁:၀၀)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် ၂၀၂၁-ခုနှစ်မိုးစပါး(RS to CS)မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့်၂၀၂၁-ခုနှစ် မိုးစပါး(RS to CS)မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မန့်ဟီးရိုး၌ (၅ ရက်တစ်ပတ်) ပျံကျဈေးအား ကျန်းမာရေး စည်းကမ်းချက်များနှင့်   ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင်  မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်ခွဲစည်ပင် သာယာရေးဌာန တာဝန်ရှိသူများ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ဈေးသည်များ၊ ဒေသနေပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် (၅ရက် တစ်ပတ်) ပျံကျဈေးအား ယနေ့ နံနက်တွင် ပြန်လည်ဖွင့်လည့် ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန် စိမ်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၁/၂၀၂၁)တက်ရောက်
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် နှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၃၀)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်းတိုက် ဦးဣဿရိယ ဆရာတော်ကြီးနှင့် ထန်းတောရပ်ကွက်၊ ကျေးဇူးရှင်ကျောင်း တိုက် ဦးတေဇနိယ (ရွှေကျင်) ဆရာတော်ကြီးတို့ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ၊ ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၄၀၀)ဖြင့် မြိတ်မြို့နယ်ကျေးရွာ(၄)ရွာတွင် ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၂၀၂၁-၂၂) ကာလတို ဘဏ္ဍာရေး နှစ် ရန်ပုံငွေကျပ်သိန်း(၄၀၀)ဖြင့် မြိတ်မြို့နယ် ကျေးရွာ(၄)ရွာ၌ ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့၌ မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး အတွက် စပါး စိုက်ခင်များတွင် ဥကပ်ပါးနဂျီလွှတ်၍ ပိုးမွှားကာကွယ် နှိမ်နှင်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Oct 01,2021
ဦး စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် တွင် ယနေ့ နံနက် ၈ နာရီ အချိန်က လိန်ပင်ကျေးရွာ ၊ တောင်သူ ဦးဉာဏ်ချို ၏ စပါးစိုက်ခင်းတွင် ၊မိုးစပါး တင်း ၁၀၀ ထွက်ရှိရေး ဥကပ်ပါး နဂျီလွှတ်၍ ပိုးမွှားကာကွယ် နှိမ်နှင်းခြင်း ကွင်းသရုပ်ပြပွဲ ကို ဆောင်ရွက်ကြကြောင်း သိရသည်။
ကျုံပျော်မြို့ ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Oct 01,2021
ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေးလျက်ရှိရာ ယမန်နေ့ကအောင်ဆန်းရပ်ကွက်၊ သုဇနကာရီ သီလရှင်စာသင်တိုက်၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကိုလည်း ကာကွယ်ဆေးများ သွားရောက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်(၈)နာရီက အသိပညာပေးနှိုးဆော် ပေးခဲ့သည်။