သတင်းများ

ချောင်းဆုံမြို့နယ်တွင် မိုးစပါး ချေးငွေ ကျပ် (၂၄၈၄၄) သိန်းခန့် ထုတ်ချေးပြီးစီး
Oct 02,2021
ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးချေးငွေ ကျပ် (၂၄၈၄၄) သိန်းကျော်ခန့် ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း သိရှိသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေး
Oct 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းတော်ကြီး ကျောင်းများမှ ရဟန်းသံဃာတော်များအား ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Diagnostic Test (RDT)ဖြင့် အခမဲ့စစ်ပေးခဲ့သည်။
နာဂဒေသလေရှီးမြို့တွင် မြို့တွင်း သန့်ရှင်းသာယာ လှပရေးငန်းများ ဆောင်ရွက်
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ယနေ့နံနက် ၈ နာရီမှ ၉နာရီခွဲ အချိန် အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ဦးဆောင်၍ မြို့နယ် စည်ပင်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ နှင့်မြို့မိမြို့ဖ၊ Volunteer အဖွဲ့များပူးပေါင်း၍ မြို့အဝင် လမ်းမကြီးလမ်းဘေးဝဲယာအတိုင်း ထူထပ်နေသည် မြက်ပင်များအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများ​နေ့အထိမ်းအမှတ် အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
Oct 02,2021
အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဘိုးဘွားများ​နေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေနှင့်စာသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး
Oct 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁ ရက်က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ ကသာအကျဉ်းထောင်၌ အချုပ်သား/သူပေါင်း (၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Oct 02,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်- ၁၇၂/၂၀၂၁ အရ အချုပ်သား/သူများ၏ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာလ(၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အချုပ်သား/သူပေါင်း(၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာများသို့ အခမဲ့ဖြန့်ဝေပေး
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းကို ၂၀၂၁ခုနှစ်မတ်လမှ စက်တင်ဘာလအထိ အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်း‌ငေါ့မြို့ အတွင်းရှိ(၁၈)နှစ်အထက်အမျိုးသား(၅၅)ဦး အမျိုးသမီး (၉၅) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြည်သူများ၊အားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်ခန့်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမ အကြိမ်ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး Sinophram အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။