နောင်ချို အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများဖြန့်ဝေခြင်းကို ၂၀၂၁ခုနှစ်မတ်လမှ စက်တင်ဘာလအထိ အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖို ဖြန့်ဝေခြင်း စီမံကိန်းအရ နောင်ချိုမြို့နယ် အတွင်း အုပ်စု (၁၀) အုပ်စုနှင့် ကျေးရွာပေါင်း (၅၃)ရွာ သို့ မီးဖိုးအလုံးရေ (၄၅၀၀)အား နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှဝန်ထမ်းများက ကျေးရွာအရောက် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှသိရသည်။
စွမ်းအားမြှင့် မီးဖိုများကို မီးမရရှိသေးသော ကျေးရွာများတွင် ထင်းအစားထိုး သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ထင်းအနည်းငယ်သာသုံးစွဲရခြင်းကြောင့်ထင်းလျော့သုံးခြင်းအားဖြင့် သစ်တော ပြုန်းတီးမှုကိုလျော့ကျစေပြီး သဘာဝပတ်ဝန်ကျင်ကိုထိန်းသိမ်းရာ ရောက်နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)