သတင်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း(၂)ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေပြီဖြစ် သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ပေါ့ဆ၍ မရကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Oct 02,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
မအီမြို့၊ ပြည်သူ့ဆေးရုံသို့ ရခိုင်သဟာယအသင်း (ရန်ကုန်)မှ အောက်ဆီဂျင်( 40 Liter)အိုး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း
Oct 01,2021
ရခိုင်ပြည်နယ် မအီမြို့ ပြည်သူ့ဆေးရုံသို့ ရခိုင်သဟာယအသင်း(ရန်ကုန်)မှ အောက်ဆီဂျင်(40 Liter)အိုး တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Oct 01,2021
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီ က ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးရေးလမ်းမကြီး လမ်းဘေး ဝဲ/ယာတွင် စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်
Oct 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင် ဦးဆောင်၍ တွဲဖက်ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလမ်းမကြီးတွင် ယနေ့ နံနက်ပိုင်းမှ စ၍ စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ သန့်ရှင်းရေးဆောင်ရွက် ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသူနိုင်ငံသား (၂၀၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်း ထောက်ကြန့်စင်တာတွင် ထားရှိ
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသူနိုင်ငံသား (၂၀၄)ဦးကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ ယမန်နေ့ည (၇)နာရီခန့်က သွားရောက်ကြိုဆို၍ မင်္ဂလာဒုံ-ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင်ထားရှိရန်အတွက် မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြု အရေးပေါ်ကားများဖြင့် (ကွာရာတင်း) ဝင်ရောက်ရန် ပို့ဆောင်ခဲ့သည်။
အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း၌ (အခမဲ့) ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ကုသမည်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတ အသင်း၌ (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ကုသပေးသွားမည် ဖြစ်ကြောင်း အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်း ဦးဆောင်(ကျေးလက်ကြယ်တစ်ပွင့်) ဆရာတော်ထံက သိရှိရသည်။
ထန်းတပင်မြို့နယ်၌ ဒေသခံတောင်သူများအား လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေး အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေ
Oct 01,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးထွန်ယက် စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲဖြစ်ပေါ် နေသော ဒေသခံတောင်သူများ၏ မိုးစပါးထွန်ယက်ခြင်းလုပ်ငန်းများနှင့် နွေစပါး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာသုံး စက်ကိရိယာများကိုလည်း စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေးတို့ အတွက်လည်း အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 01,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀  နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။