ပန်းတနော် အောက်တိုဘာ ၂
အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေနှင့်စာသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ပန်းတနော်မြို့ အောင်သပြေဘိုးဘွားရိပ်သာရှိ အဘိုး( ၆ )ဦး၊အဘွား(၁၂)ဦး စုစုပေါင်း(၁၈)ဦး တို့အား ဘိုးဘွားတစ်ဦး လျှင် ပေါ်ဆန်းမွှေးဆန် ၈ ပြည်၊ ဆီ ၁ ပိဿာနှုန်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကျပ်၂၀၀၀၀နှုန်းဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)