ချောင်းဆုံမြို့နယ်တွင် မိုးစပါး ချေးငွေ ကျပ် (၂၄၈၄၄) သိန်းခန့် ထုတ်ချေးပြီးစီး

ချောင်းဆုံ      အောက်တိုဘာ      ၂

ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးချေးငွေ ကျပ် (၂၄၈၄၄) သိန်းကျော်ခန့် ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း သိရှိသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို စည်းကမ်းချက်၊လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးရာ မြို့နယ် အတွင်းရှိကျေးရွာပေါင်း(၃၀)ရွာမှ တောင်သူဦးရေ(၂၅၅၀)ဦး၊ စိုက်ဧက (၁၆၅၆၃)ဧက အတွက် ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စု (၁၆) ရွာကိုလည်း ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးထံမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၁ခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၃၇၆)ဧကစိုက်ပျိုးနိုင်ရန် လျာထားပြီး ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေကို ပြန်လည်ပေးဆပ်ပြီးသူ (၇၄.၈၀)ရာခိုင်နှုန်း ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)