ကျိုင်းတုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁ ရက်က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျော့ချနိုင်ရေးအတွက် ဒေသခံပြည်သူ ၆၉၃ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၆၈ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၊ အမှတ်(၂)ရပ်ကွက် ကျိုင်းလဲဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃)ရပ်ကွက် နေင်ခမ်းဘုန်းတော်ကြီး ကျောင်း၊ အမှတ်(၄)ရပ်ကွက် ယန်းကုန်းနတ်စင်၊ အမှတ်(၅)ရပ်ကွက် ကျိုင်းအင်းဘုန်းတော်ကြီး ကျောင်း၊ မိုင်းဇင်းကျေးရွာအုပ်စု ပင်းဆိုင်း ‘ ဝ ’ ရွာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)