သတင်းများ

သံဖြူဇရပ်မြို့နယ်တွင် အသက် ( ၅၅ ) နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ပထမနေ့ စတင်ထိုးနှံပေး
Oct 02,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ( ၅၅ ) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၂) ရက်နေ့ နံနက် (၉)နာရီမှစတင်ကာ စုရပ် ( ၇ ) နေရာ ဖြစ်သော မြို့သစ်အ.ထ.က ( ၁ ) ၊ ကျိုက္ခမီ (ကဇာတ်ရုံ) ၊ ကျုံကဒါတ် (အ.ထ.က)၊ အနင်းတိုက်နယ် ဆေးရုံ ၊ ထင်းရှူးတိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံနှင့် ကရုပ္ပိတိုက်နယ ်ဆေးရုံတို့၌ထိုးနှံပေး လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ ခန္တီးမြို့၌ ကျင်းပ
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စက်တင်ဘာလ (၃၀) ရက်၊ နံနက် (၁၀)နာရီအချိန်က ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့ကိုယ်စား ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအားဖြင့် သွင်းအားစုနည်းပညာနှင့် ဈေးကွက်အပေါ်များစွာ မူတည်နေကြောင်း၊ အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး၌ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့နိုင်ရေး စဉ်းစား ဆောင်ရွက်ရန်နှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် စပါးအထွက်နှုန်းကောင်းအောင် အားပေးကူညီပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ခရိုင်အလိုက် ဒေသခံတောင်သူများအား သွင်းအားစုထောက်ပံ့ ပေးအပ် ပွဲများကို ဆောင်ရွက်နေကြကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ကျွန်းလှမြို့နယ်၌ မိုးရာသီ သီးနှံမျိုးစုံ လျာထားချက် ဧကထက်ကျော်လွန် စိုက်ပျိုး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၇၄၇၄၆ ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၇၇၉၂၆ ဧက လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရသေ့တောင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွား(၆၉၁)ဦး တို့အား လူမှုရေး ပင်စင်ထောက်ပံ့
Oct 02,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူမှုဝန်ထမ်းဉီးစီးဌာနမှ အသက်(၈၅) နှစ်နှင့် အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့် ရှိသည် သက်ကြီးအဘိုးအဘွားများ အား ယမန်နေ့ နံနက်ပိုင်းက လူမှုရေးပင်စင်များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မအီမြို့၊ ပြည်သူ့ဆေးရုံသို့ ရခိုင်သဟာယ အသင်း(ရန်ကုန်)မှ အောက်ဆီဂျင်( 40 Liter)အိုး တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများ လှူဒါန်း
Oct 02,2021
ရခိုင်ပြည်နယ် မအီမြို့ ပြည်သူ့ဆေးရုံသို့ ရခိုင်သဟာယအသင်း(ရန်ကုန်)မှ အောက်ဆီဂျင်(40 Liter)အိုး တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ Quarantine Centre များတွင် ကူညီဆောင်ရွက်ပေးသည့်ပရဟိတအဖွဲ့များအတွက် စက်သုံးဆီစရိတ်နှင့် Volunteer များအတွက် Lunch Box စားသောက်စရိတ်များ၊ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 02,2021
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌QuarantineCentreများတွင်ကူညီဆောင်ရွက်ပေးသည့်ပရဟိတအဖွဲ့များအတွက်စက်သုံးဆီစရိတ်နှင့်Volunteerများအတွက် Lunch Box စားသောက်စရိတ်များ၊ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကိုယနေ့နံနက်၉နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု လျှို့ဝှက်ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု လျှို့ဝှက်ချက် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။