Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ဆေးထိုးစုရပ်(၇)ခုတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် မိုးစပါး မျိုးကွဲနုတ်ပယ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲကျင်းပ
Oct 17,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်၌ ၂၀၂၁-၂၀၂၂ မိုးစပါးရာသီ၌ စိုက်ပျိုး ထားသည့် ဆင်းသုခစပါးမျိုး (RS-CS) မျိုးစေ့ထုတ် စံပြစိုက်ကွင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း၊ ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးများအတွက် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့
Oct 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးများ အတွက် ကယ်ဆယ်ရေးရန်ပုံငွေများထောက်ပံ့ခြင်းကို ယမန်နေ့ ညနေပိုင်းက ကမ်းပြိုဘေးသင့် အိမ်ထောက်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး
Oct 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် အခြေပညာကျောင်းများတွင် စတင်ထိုးနှံ ပေးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင်အသက် ၁၂ နှစ်အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 17,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှအလယ်တန်းအဆင့် အသက် ၁၂ နှစ် အထက်ရှိသော ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(၂) မြို့မကျောင်း တို့တွင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၈၉)ခုနှင့် အိမ်ထောင်စုလူဉီးရေစာရင်း(၁၈၄)စောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်
Oct 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးက ပန်းခင်းစီမံချက်အရ ကိုင်ဆောင်လက်မှတ်မရှိသေးသည့် ပြည်သူများအား ဉပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဉီးရေစာရင်းများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်မှ ယမန်နေ့အထိ မိုင်းလျှန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင် ထိုးနှံပေး
Oct 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စုရပ်အဖြစ် သတ်မှတ်ထားသည့် အခြေခံပညာကျောင်း(၂၈)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးရေး ၃၀၀၈ တပ်မတော်လေယာည်ဖြင့် ကျိုင်းတုံမြို့သို့ ပို့ဆောင်
Oct 17,2021
ရှမ်းပြည်နယ်၊အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေးအလုံးရေ ၃၀၀၈ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22456
Page
22457
Page
22458
Page
22459
Current page
22460
Page
22461
Page
22462
Page
22463
Page
22464
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department