ကျောက်ဖြူ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းတော်ကြီး ကျောင်းများမှ ရဟန်းသံဃာတော်များအား ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Diagnostic Test (RDT)ဖြင့် အခမဲ့စစ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင်ကျော် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ မင်းကျောင်းဘုန်း တော်ကြီးကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးမဟိန္ဒနှင့် ရဟန်းသံယာတော်နှစ်ပါးတို့ အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးပေးခဲ့ရာ ၎င်းတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွ့ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဲဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းကြီး၊ သီလရှင်နှင့် သာသနာ့ဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိပြီး ဒုတိယ အသုတ် (ပထမအကြိမ်) ကာကွယ်ဆေးလာရောက်ထိုးနှံသူ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၁၂၆ ပါးအားထိုးနှံပေးထားပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး