နာဂဒေသလေရှီးမြို့တွင် မြို့တွင်း သန့်ရှင်းသာယာ လှပရေးငန်းများ ဆောင်ရွက်

  လေရှီး    အောက်တိုဘာ 

 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ယနေ့နံနက် နာရီမှ ၉နာရီခွဲ အချိန် အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ဦးဆောင်၍ မြို့နယ် စည်ပင်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ နှင့်မြို့မိမြို့ဖ၊ Volunteer အဖွဲ့များပူးပေါင်း၍ မြို့အဝင် လမ်းမကြီးလမ်းဘေးဝဲယာအတိုင်း ထူထပ်နေသည် မြက်ပင်များအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင်   မြို့တွင်းသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့ တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ ပူပေါင်းပါဝင်သူစုစု ပေါင်းလူအင်အား (၉၀)ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဆိုင်းသား