သတင်းများ

မွန်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး မော်လမြိုင် လေဆိပ်အဆင့် မြှင့်တင်ဆောင်ရွက်
Oct 16,2021
မွန်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာနှင့်အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးတို့ရည်ရွယ်၍ကိုဗစ်- ၁၉ အလွန်ကာလလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင် လေဆိပ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ နှင့်အတူမော်လမြိုင်လေဆိပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (၁၃၀၅၀) ဦး ထိုးနှံပြီးဖြစ်
Oct 16,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများမှ အသက်(၁၈)နှစ် အထက်ပြည်သူများနှင့်  မသန်စွမ်းသူများအား   ကိုဗစ် - ၁၉   ရောဂါ  ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အောက်တိုဘာ(၂)ရက်နေ့ မှ အောက်တိုဘာ (၁၆)ရက်နေ့ အထိ (၁၃၀၅၀) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ရွှေဘိုခရိုင်အတွင်း နဂျီမွေးမြူခြင်းလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ပလိပ်ဇီဝဓာတ်ခွဲခန်းသို့ သွားရောက် ကာ လုပ်ငန်းနှီးနောဖလှယ်ခြင်းများပြုလုပ်
Oct 16,2021
စစ်ကိုင်း‌တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း နဂျီမွေးမြူခြင်းလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီက ပလိပ်ဇီဝဓာတ်ခွဲခန်းသို့သွားရောက်ကာ လုပ်ငန်းနှီးနှော ဖလှယ်ခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 16,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ဒုတိယအသုတ်၊ ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၉နာရီက ဆေးထိုးစုရပ် (၁၀)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း
Oct 16,2021
မေး     -   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ အခြေခံပညာကျောင်းတွေ  ဘယ်လောက် ရှိပါသလဲရှင့်။ ဖြေ     -   ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်    အ.ထ.က (၁၃)ကျောင်း ၊  အထက(ခွဲ) (၁) ကျောင်း ၊ အ.လ.က (၁၅)ကျောင်း၊ အ.လ.က (ခွဲ) (၁၆)ကျောင်း မူလွန်(၂၆) ကျောင်း၊ အမက (၁၇၈) ကျောင်း၊အမက(ခွဲ)(၁၁) ကျောင်း စုစုပေါင်းကျောင်း (၂၆၀) ကျောင်း ရှိပါတယ်။
မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါတွင်းဆွမ်းလောင်းလှူပွဲကျင်းပ
Oct 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါတွင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးတွင်ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၁၈ နှစ်အထက်ရှိ ဆေးထိုးရန် အကျုံးဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်မြောက်) ဆက်လက်ထိုးနှံ
Oct 16,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိသည့်ဆေးထိုးရန်အကျုံးဝင်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှ ဝန် ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဒုတိယအကြိမ် မြောက် ဆက်လက်ထိုးနှံပေးကြောင်းသိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေး
Oct 16,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။