မိုင်း‌ငေါ့မြို့ အတွင်းရှိ(၁၈)နှစ်အထက်အမျိုးသား(၅၅)ဦး အမျိုးသမီး (၉၅) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး

မိုင်းငေါ့  အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြည်သူများ၊အားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်ခန့်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမ အကြိမ်ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး Sinophram အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း  သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၁၈) နှစ် အထက် ကျား ( ၅၅ ) ဦး   ( ၉၅ ) ဦး စုစုပေါင်း (၁၅၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာာကွယ်ဆေးကို တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦး နှင့် အဖွဲ့က တာလုံ ရပ်ကွက်ရှိ  ..က ကျောင်း  ၌ထိုး နှံပေးခဲ့ပါသည်။

 

ကာကွယ်ဆေးမထိုးမီ  အပူချိန်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ် ငန်း ပြီးမှကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ပေးမှာ ဖြစ်ကြောင်း၊ မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)