သတင်းများ

ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို အမှုပိတ်သိမ်း၍ ပြန်လွှတ်ပေး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှ ကြားနာစစ်ဆေးဆဲ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပြစ်မှုများမှ အကျဉ်းသား/သူ (၈၄)ဦးကို ယမန်နေ့ ညနေပိုင်းက အမှုပိတ်သိမ်း၍ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၈၈၇၉) ဦး ရှိပြီဖြစ်
Oct 02,2021
မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် (၈၈၇၉) ဦးအား ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိသာသနာ့ဗိမာန်တော်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုးရှိ/မရှိ စစ်ဆေး ခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Oct 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မင်းပြည်သူဘိုးဘွားရိပ်သာ၌ ခရိုင်ကျန်းမာရေးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
Oct 02,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အောက်တိုဘာ (၁)ရက်နေ့တွင် ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်(၁) အုပ်ချုပ် ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ မြန်ဆန်သွက် လက်စေရန် သတ်မှတ်နေရာများနေရာတိုးထိုးနှံပေးလျက်ရှိ
Oct 02,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများမြန်ဆန်သွက်လက်၍ ပြည်သူများလာရောက်ထိုးနှံမှုအချိန်ကုန်သက်သာစေ ရန်နှင့်ခရီးစရိတ်သက်သာစေရန် အောက်တိုဘာ ၂ရက်နေ့မှစတင်ပြီး ကာကွယ်ဆေးထိုး စုရပ်များကျေးရွာများထိဖြန့်ကျက်ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Oct 02,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်း လာ ပြည်သူများအား အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန်က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ပေး ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရ သည်။
လောင်းလုံးမြို့နယ်အတွင်းရှိ Community Positive Center နှင့် Trement Centerများမှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများ ထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် Community Positive Center နှင့် Trement Centerများ မှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗထူးခန်းမ၌ ကျင်းပပြု လုပ်ကြောင်းသိရသည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ခုတင်(၁၀၀၀)ဖွင့်လှစ်
Oct 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၌ ကိုဗစ်-၁၉ ကုသရေးစင်တာခုတင် (၁၀၀၀) ဖွင့်ပွဲကိုယမန်နေ့နေ့လယ် (၂)နာရီအချိန်ကကျင်းပသည်။