သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့်ဆေးဖျန်းခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ
Oct 15,2021
မကွေးတိုင်းဒေသကြီး‌‌၊ ‌တောင်တွင်းကြီးမြို့ နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း ပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီက ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ တောင်သူ ဦးအေးလွင်ပိုင်ဆိုင်သော ယာမြေကွက်(၂)ဧကအတွင်းစိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် အခြေခံပညာကျောင်းများရှိအသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ဆောက်ရွက်ထားရှိမှု အခြေအနေများအား ပညာရေးမှူး‌ ဒေါ်သန်းထွေးခင်နှင့် တွေ့ဆုံမြေးမြန်းခြင်း
Oct 15,2021
မက်မန်းမြို့နယ် အခြေခံပညာကျောင်းများရှိအသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ဆောက်ရွက်ထားရှိမှု အခြေအနေများအား ပညာရေးမှူး‌ ဒေါ်သန်းထွေးခင်နှင့် တွေ့ဆုံမြေးမြန်းခြင်း
ဗန်းမော်မြို့၌ ပြန်/ဆက်ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Oct 15,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွှဲ ၂ နာရီခန့်က  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၂၈၃၁၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယနေ့ ဆက်လက်ထိုးနှံပေး
Oct 15,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် (၉)နာရီမှ စတင်၍ ဆေးထိုးစုရပ် (၃)နေရာ၌ ဒုတိယနေ့ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ
Oct 15,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဝါသီးနှံစိုက်ခင်းအားဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း ပညာပေးသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီ က ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ တောင်သူ ဦးအေးလွင် ပိုင်ဆိုင်သော ယာမြေကွက် (၂)ဧကအတွင်း စိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထူအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Oct 15,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "ကလင်းရောင်စင်"၏ "ငါ့အတွက် ငါရှိတယ်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက် ခဲ့သည်။
ပန်ဝါမြို့၌အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပညာပေး ဆိုင်းဘုတ်စိုက်ထူ
Oct 15,2021
ပန်ဝါမြို့၌အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပညာပေး ဆိုင်းဘုတ်စိုက်ထူ
မော်လမြိုင်ကျွန်း မြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက်  မြေစိုက်ပိုစတာများ စိုက်ထူ
Oct 15,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် နှင့် အထက်ကျောင်သား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့်  `ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြပါစို့´ ​ဆောင်ပုဒ်ပါ အသိပညာပေး မြေစိုက်ပိုစတာများအား မြို့နယ် လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများရှေ့တွင် စိုက်ထူကြကြောင်း သိရှိရသည်။