မြင်းခြံ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ် အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊တလုတ်၊ နွားဘူးအိုင်၊ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
မြင်းခြံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်ဗိုလ်မှူးထွန်းလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး အောက်တိုဘာ ၄ရက်နေ့တွင် မြင်းခြံမြို့နယ်မှအသက်(၅၅)နှစ်အထက်ပြည်သူ(၃၃၀၅)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။
အဆိုပါ ပထမအကြိမ်ဆေးထိုးပြီးသူ စုစုပေါင်း(၁၄၆၅၁)ဦးရှိပြီး အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်