တောင်သာ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ သပွတ်ပင်တဲ ကျေးရွာမှ ကျား(၂၀)ဦး၊ မ(၁၂)ဦး တို့သည် ဖျားနာပြီးအနံ့မရသဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ (၃၂) ဦးအား တောင်သာမြို့ ပြည်သူ့ဆေးရုံ၊ မင်းစု (အထက)၊ မြို့နယ် အာကာခန်းမ၊ ရုံးစည်ကြီးတိုက်နယ်ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့်ဆောင် တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ တောင်သာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာစုစုပေါင်း (၁၇၂၁) ဦးရှိပြီး ဆေးရုံဆင်းသူ (၁၅၁၅) ဦး နှင့် သေဆုံးသူ (၅၇) ဦး ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)