ဘူးသီးတောင် အောက်တိုဘာ ၅
ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ လူငယ်လူရွယ်များ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင်၍ ဝန်ထမ်းများ ပူးပေါင်းကာ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ Mobile Library ကွင်းဆင်းဆောင်ရွက်၍ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင် စသည့် စာအုပ်ပေါင်း (၇၀)ကျော်ငှားရမ်းပေးခဲ့ရာ မြတောင်တိုက်ပွဲရှောင်စခန်းရှိ လူငယ် လူရွယ်များနှင့် စာပေဝါသနာရှင်များမှ ပျော်ရွှင်စွာ ငှားရမ်းဖတ်ရှုခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Mobile Library ကွင်းဆင်းခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်ပေးမည်ဖြစ်ပြီး စာအုပ်ငှားရမ်း သူများကိုလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ငှားရမ်းခဲ့ကြသည်။
အဆိုပါ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ (၇၅၉)ဦး ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)