ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်

ခန္တီး အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအခြေချ(ခန္တီး)မှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦး က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)