လဟယ် အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဦးတည်အုပ်စု(၂၃)ရှိ ကျေးရွာများ၌ Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် လဟယ်မြို့နယ် စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလပ်ဆက်နှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးရှားဆက်တို့ ပူးပေါင်း၍ တာဝန်ရှိသူများမှ ယမန်နေ့က ဝုထကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနေမှုကို ကြည့်ရှု အားပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဦးတည်အုပ်စုများအလိုက် ဦးစားပေးထိုးနှံ ပေးလျက်ရှိပြီး Sinopharm ကာကွယ်ဆေး များကို ရည်မှန်းသတ်မှတ်ဦးရေ (၂၀၀၀)ဦး ပြည့်မီအောင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်)