ဘူးသီးတောင် အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် (၈)နာရီအချိန်က မီးသတ်ဦးစီးဌာန ရုံးရှေ့ကွင်းပြင်၌ မီးငြှိမ်းသတ်ရေး စွမ်းရည်သရုပ်ပြပြိုင်ပွဲကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။
အဆိုပါ မီးငြိမ်းသတ်ရေးစွမ်းရည် သရုပ်ပြပြိုင်ပွဲ ကျင်းပရာတွင် မီးသတ်တပ်ဖွဲ့ဝင် ( ၃၅ ) ဦးတို့အား အဖွဲ့ (၆)ဖွဲ့ ခွဲ၍ မီးငြိမ်းသတ်ရေး စွမ်းရည်သရုပ်ပြပြိုင်ပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ပထမ၊ ဒုတိယ၊ တတိယဆု အသီးသီးတို့ကို သတ်မှတ်ခဲ့ကြပြီး အဖွဲ့ (၁)မှ ပထမဆုကိုလည်းကောင်း၊ အဖွဲ့(၄)မှ ဒုတိယဆုကိုလည်းကောင်း၊ အဖွဲ့(၂)မှ တတိယဆုကို လည်းကောင်း ဆုရရှိအဖွဲ့များအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)