ထန်ပါခွေ အောက်တိုဘာ ၅
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရှေ့တန်းရောက် တပ်မတော်သားများနှင့် ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စားဝတ်နေရေး ခက်ခဲသည့် ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ရာတွင် ဝေးလံခက်ခဲသည့် နာဂတောင်တန်းဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများက ဦးဆောင်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စုပေါင်း၍ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စားဝတ်နေရေး ခက်ခဲနေသည့် ဒေသခံပြည်သူ အိမ်ထောင်စု (၂၉)စုအား ဆန်နှင့် အခြားစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ စားဝတ်နေရေးခက်ခဲနေသည့် ဒေသခံအိမ်ထောင်စုများအား စာရင်းပြုစုကာ စားနပ်ရိက္ခာများ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)