သတင်းများ

မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၀ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၄၂၇ ဦးရှိပြီဖြစ်
Oct 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီ ဆေးကုသဆောင်များသို့ တက်ရောက် ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၀ ဦးအား ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီးဖြစ်သဖြင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် သဲကုန်းမြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး
Oct 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ မသန်စွမ်းအမျိုးသမီးနှစ်ဦးအား အလှူငွေနှင့်အ‌ခြေခံစားသောက်ကုန်များထောက်ပံ့
Oct 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုင်းခတ်မေတ္တာ လူမှု ကူညီရေးအသင်းမှ မသန်စွမ်းအမျိုးသမီး နှစ်ဦးအား အလှူငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို‌ ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာ ပေး နှိုးဆော်
Oct 07,2021
တနင်္သာရီတိုင်းဒေသကြီး၊၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို
တနင်္သာရီမြို့တွင် ပရဟိတအဖွဲ့များမှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေး၍ ညစာဖြင့် ဧည့်ခံကျွေးမွေး
Oct 07,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်စွာဖြင့် စွမ်းစွမ်းတမံ အပင်ပန်းခံ ဆောင်ရွက်ခဲ့ကြ သည့် သုခရွှေရီကျန်းမာရေး အထောက်အကူပြုအသင်းမှ (၄) ဦးနှင့်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး‌‌ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Oct 07,2021
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအား ယမန်‌နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေး ည့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။