လဲချား အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် (၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းကြောင့် စစ်ဆေးပေးသူ (၄)ဦးတွင် (၂)ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုအခါ လဲချားမြို့နယ်တွင် ဇူလိုင်လ (၁၀)ရက်နေ့မှ ယနေ့အထိ စစ်ဆေးသူ စုစုပေါင်း (၈၀၃)ဦးတွင် ပိုးတွေ့အတည်ပြုလူနာ (၁၉၅)ဦးရှိရာတွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၇၆)ဦး၊ သေဆုံးသူ (၈)ဦးဖြစ်ပြီး ကျန်ရှိသော အတည်ပြု လူနာ(၁၁)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် အထကကျောင်းတို့တွင် သီးသန့်ထားရှိပြီး ကြပ်မတ်ကုသပေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။
လွှမ်းသူနောင် (လဲချား)