နမ့်စန်တွင်  အောက်တိုဘာ ၅ ရက်နေ့၌  ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးသေဆုံးပြီး ကိုဗစ်-၁၉ လူနာအသစ် ၂၂ ဦးစစ်ဆေးတွေ့ရှိ

နမ့်စန်(တ) အောက်တိုဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၂ရက်နေ့၌ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျှက် ရှိသော အမှတ်(၅)ရပ်ကွက် မှ အသက်၇၆ နှစ်အရွယ် အမျိုးသား ၁ ဦး သည်  ယမန်နေ့နံနက် ၃နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ် ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ အပါအဝင်သံသယလူနာ စုစုပေါင်း၇၁ ဦးကို မြို့နယ် ကိုဗစ်ရောဂါ စစ်ဆေးရေး စင်တာ၌  ယနေ့ နံနက်၉နာရီမှ နေ့လည် ၂နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ မက်မွန်မုန်းကျေးရွာအုပ်စု ၊ နမ့်မော်ခေါက်ဆင့်ကျေးရွာမှ အမျိုးသမီး ၂ ဦး ၊ ဝမ်ပုံကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာမှ အမျိုးသမီး ၁ ဦး ၊ မီးသွေးကုန်းကျေးရွာမှ အမျိုးသမီး ၃ဦး ၊ အမှတ်(၅) ကျေးရွာ အုပ်စု ၊ အမှတ်(၄) ကျေးရွာမှ အမျိုးသမီး ၁ ဦး ၊ အမှတ်(၆)ကျေးရွာမှ အမျိုးသား၃ ဦး၊ အမျိုးသမီး၁ ဦး ၊  အမှတ်(၂)ရပ်ကွက်မှ  အမျိုးသမီး ၁ ဦး ၊ အမှတ်(၃) ရပ်ကွက် မှ အမျိုးသမီး ၂ ဦး ၊ အမှတ်(၄)ရပ်ကွက် မှ အမျိုးသမီး ၁ ဦး ၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၃ ဦး ၊ ခိုလမ်မြို့ ၊ ခိုအွတ် ကျေးရွာအုပ်စု ၊ ခိုလိတ်ကျေးရွာ မှ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း  ၂၂ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၂၂ ဦး ကို ပြည်သူ့ ဆေးရုံရှိ သံဃာဆောင်၊ ၄ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင် အထက်တန်းကျောင်းတို့တွင် ထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွား အလာ ကန့်သတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့တွင် အောက်တိုဘာလ ၅ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၁၄ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၂၁၇ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၁၀၄၄ ဦး နှင့် ဆေးရုံတွင်သေဆုံးသူ ၂၀ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၄၄ ဦး ရှိပြီ ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရ သည်။

မြို့နယ်ပြန်/ဆက်