ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နိုင်ရေး အစီအမံများ ချပြဆွေးနွေး

ပုလော  အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား/ သူများအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အောက်တိုဘာလ ဒုတိယအပတ်တွင် ထိုးနှံပေးနိုင်ရေး အစီအမံများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင်  ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က္ကဋ္ဌ ဦးခင်မောင်စိုးက အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ  ပညာလေ့လာ သင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်၊ ဦးတည်အုပ်စုအလိုက် စီမံချက်များရေးဆွဲ၍ ထိုးနှံပေးခြင်းဖြစ် ကိုဗစ်−၁၉ ကာကွယ် ဆေးလွှမ်းခြုံမှု အလျှင်အမြန် ရရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှတဆင့် မိသားစုနှင့် ပတ်ဝန်းကျင် ကူးစက်ပြန့်ပွားမှု တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။

ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အထက(၉)၊ အထက−ခွဲ(၈)၊ အလက(၈)၊ အလက−ခွဲ(၁၅)၊ မူလွန် (၂၁) ၊စုစုပေါင်း (၆၁) ကျောင်းရှိပြီး၊ အထက်တန်းအဆင့်တွင် (၆၁၇) ဦး၊ အလယ်တန်း အဆင့်တွင် (၂၈၆၅) ဦး၊ စုစုပေါင်း (၃၄၈၂) ဦးကို အုပ်စု(၅)စုခွဲ၍ သတ်မှတ်နေ့အလိုက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ သိရသည်။

အေးအေးမော် (ပုလော)