ပေါက်တောမြို့ ၌‌အောက်ဆီဂျင်ထုပ်လုပ်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ပေါက်တော    အောက်တိုဘာ    ၆   

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေးအတွက် တည်ဆောက်ပြီးစီး  လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံတွင် တပ်ဆင်ရန် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန်တိုင်း ‌မြောက်ဥက္ကပမြို့ နယ်ရှိ KTK Electrical Engineering Co.LTD ကုမ္ပဏီမှ ဝယ်ယူ၍ အောက်တိုဘာလ (၁) နေ့က မော်တော်ယာဉ် ဖြင့်သယ်ယူလာရာ ပေါက်တောမြို့သို့ ယနေ့ ညနေ(၄)နာရီခန့်တွင်ရောက်ရှိကြောင်းသိရှိရသည်။

 

အဆိုပါအောက်ဆီဂျင်စက်မှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု ပမာဏ (၄၀)လီတာဆန့် ဆလင်ဒါ တစ်နေ့လျင် (၆၀) အိုးမှ(၉၀)အိုးထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ကိုဗစ်တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းနှင့် Oxygen Plant ဖြစ်မြောက်ရေးကော်မတီများထံမှသိရှိရသည်။

 

ကျော်သန်း