မိုင်းယန်း အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နေ့လယ် ၃ နာရီခန့်က “လူငယ်နှင့် ရည်မှန်းချက် ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခွန်ရဲထွေးမှ အမှာစကားနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး “လူငယ်နှင့် ဘဝရည်မှန်းချက်ပိုင်းတိုင်” ခေါင်းစဉ်ဖြင့် စာပါအကြောင်းအရာ များကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် စာရေးဆရာများဖြစ်သည့် သရဝဏ်(ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညိုမင်းလွင် ရေးသားထားသော “လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်” စာအုပ်အား ဦးထွန်းထွန်းထူး ဓာတ်ပုံကျွမ်းကျင်-၂(အင်အားပြ) မှ “လူငယ်နှင့်မူးယစ်ဆေးဝါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်နန်းခမ်းအီ (အကြီးတန်းစာရေး)က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး